top of page

Pet Skin Types & Shampoo ရွေးနည်း

Pets လေးတွေမှာလည်း လူတွေလို မတူညီတဲ့ Skin Types လေးတွေရှိနေပါတယ်။

 

Pets လေးတွေမှာ အရေပြား အဆီထွက်နှုန်းနဲ့ အစိုဓာတ်ပေါ်မူတည်ပြီး အဓိက Skin Types (၄) မျိုး ခွဲခြားထားပါတယ်။ 

1. Normal Skin

လက္ခဏာအားဖြင့် အဆီပြန်ခြင်း၊ ခြောက်သွေ့ခြင်းနဲ့ နီရဲယားယံခြင်း မရှိဘဲ ကျန်းမာကောင်းမွန်တဲ့ အရေပြားဖြစ်ပါတယ်။

အမွှေးအမျှင်တွေ ပြောင်လက်စိုပြည်နေပြီး သဘာဝအတိုင်း လှ​​​နေတတ်ပါတယ်။

အရေပြားအတွက် အထူးဂရုစိုက်ပေးစရာမလိုဘဲ ပုံမှန် သဘာဝ Pet Shampoo အပျော့စားနဲ့ တစ်လ (၂) ကြိမ်ခန့် ရေချိုးပေးရုံနဲ့ လုံလောက်ပါတယ်။

2. Sensitive / Allergy-Prone Skin

လက္ခဏာအားဖြင့် ဓာတုပစ္စည်း၊ ပတ်ဝန်းကျင်နဲ့  ရာသီဥတုကြောင့် အရေပြား နီရဲလာတတ်ခြင်း၊ အဖုအပိမ့်ထခြင်းနဲ့ ရေချိုးပြီးနောက် ကုတ်ဖဲ့ခြင်းတွေ ဖြစ်လွယ်တတ်ပါတယ်။

မကြာခဏ ကုတ်ဖဲ့တတ်တာကြောင့် အမွှေးကျွတ်ခြင်း၊ အရေပြားပါးလာခြင်းတွေ ဖြစ်တတ်ပါတယ်။

အထူးဂရုစိုက်မှုအနေနဲ့ Sulfate-Free၊ Tear-Free၊ Vegan နဲ့ Hypoallergenic ဖြစ်တဲ့ Ultra-Gentle Shampoo မျိုးကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

3. Dry Skin

လက္ခဏာအားဖြင့် အရေပြားအစိုဓာတ် နည်းပါးတာကြောင့် ဗောက်ဖတ်တွေထခြင်း၊ အသားပတ်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး မကြာခဏ ယားယံခြင်းတွေ ကြုံတွေ့ရတတ်ပါတယ်။

အမွှေးအမျှင်တွေ ကြမ်းတမ်းပြီး တောက်ပမှု မရှိဘဲ ပျက်စီးလွယ်တတ်ပါတယ်။

အထူးဂရုစိုက်မှုအနေနဲ့ အုန်းဆီ၊ ထောပတ်သီးဆီမှရရှိတဲ့ သို့မဟုတ် Xylitylglucoside လိုမျိုး အစိုဓာတ်ကို ကြာရှည်ထိန်းပေးနိုင်တဲ့ Moisture-Lock Shampoo တွေကို သုံးပေးသင့်ပါတယ်။

4. Oily / Seborrheic Skin

လက္ခဏာအားဖြင့် အရေပြားကနေ အဆီ ပိုလျှံစွာ ထွက်တတ်တာကြောင့် အနံ့ဆိုး မြန်မြန်ထွက်ခြင်း၊ မှိုနဲ့ ဗက်တီးရီးယားတွေ ပိုမို ပေါက်ဖွားလွယ်ခြင်းတွေ ဖြစ်တတ်ပါတယ်။

အမွှေးတွေ ကပ်စေးစေးဖြစ်နေပြီး အဆီပြင်တွေ ဖြစ်နေတတ်ပါတယ်။

အထူးဂရုစိုက်မှုအနေနဲ့ Microbiota Balance ကို ထိန်းပေးပြီး အနံ့ဆိုးနဲ့ အဆီပိုတွေကို ညင်သာစွာ သန့်စင်ပေးနိုင်တဲ့ Anti-Odor / Clarifying Shampoo တွေ လိုအပ်ပါတယ်။

Pets လေးတွေရဲ့ အရေပြားအမျိုးအစားက အစားအသောက်၊ အသက်အရွယ်နဲ့ ရာသီဥတုပေါ် မူတည်ပြီး အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။

 

ဒီလို Skin Type ကနေကွဲထွက်ပြီး အထူးဂရုစိုက်မှုနဲ့ကုသမှုတွေလိုအပ်တဲ့ Skin Condition တွေကိုလည်း သိထားသင့်ပါတယ်

 

Medicated Shampoo လိုအပ်တဲ့ Skin Conditions များ

 

- အရေပြားနီမြန်းရောင်ရမ်းခြင်း

- မှိုပိုး (Fungal infection)

- ဘက်တီးရီးယားပိုးဝင်ခြင်း

- မွှား၊ လှေးကြောင့်ဖြစ်တဲ့အရေပြားပြဿနာ

- ယားယံတာ မသက်သာဘဲ ဆက်တိုက်ကုတ်နေခြင်း

 

စတဲ့လက္ခဏာတွေရှိနေလျှင် သာမန် Shampoo ထက် Medicated Shampoo ကို တိဆရာဝန်ရဲ့ အကြံပြုချက်နဲ့ အသုံးပြုသင့်ပါတယ်။

 

နောက်ထပ်အရေးကြီးတဲ့ Skin Condition တစ်ခုကတော့ Allergic ဖြစ်တက်တဲ့ Skin ပဲဖြစ်ပါတယ်

Allergic skin ဆိုတာက Skin Type မဟုတ်ဘဲ Allergy ကြောင့် ဖြစ်လာတဲ့ အရေပြားအခြေအနေ (skin condition) ပါ။

Pet လေးတွေမှာ allergy ဖြစ်ရတဲ့အကြောင်းရင်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။

သန်း၊မွှားကိုက်တာ (Tick&Flea Allergy Dermatitis)

အစားအစာနဲ့ ဓာတ်မတည့်တာ (Food allergy)

ပတ်ဝန်းကျင် (Environmental allergy )စတဲ့အကြောင်းရာတွေကြောင့် Allergic ဖြစ်တက်ပါတယ်

Allergic skin ရဲ့ လက္ခဏာတွေကတော့

🔸 မကြာခဏ ကုတ်နေခြင်း

🔸 ခြေဖဝါးကို အမြဲလျက်နေခြင်း

🔸 နားရွက်ကို မကြာခဏ ကုတ်ပြီး နားရောင်ရမ်းခြင်း

🔸 အရေပြားနီရဲခြင်း

🔸 အဖုလေးတွေ ထွက်လာခြင်း

🔸 အမွေးကျွတ်လာခြင်း

🔸 ပြင်းထန်လာရင် အနာဖြစ်ခြင်း၊ ဘက်တီးရီးယား သို့မဟုတ် မှိုပိုး ထပ်ဝင်လာခြင်း

 

Allergic skin ဖြစ်နေတဲ့ pet တွေအတွက် နူးညံ့တဲ့ shampoo က အရေပြားကို သက်သာစေနိုင်ပေမယ့် allergy ဖြစ်ရတဲ့ အကြောင်းရင်းကို မကုသနိုင်ပါဘူး။

 

ဒါဆိုရင် Skin Type နဲ့ Skin Conditions တွေကိုသိသွားလောက်ပြီဆိုတော့ နောက်ထပ်အကြောင်းရာတွေကို ကိုယ့်ရဲ့Pets လေးတွေရဲ့အရေပြားကျန်းမာရေးအတွက်လေ့လာကြည့်ကြရအောင်

Abstract Wavy Design
bottom of page