top of page

Pet Skin Types & Shampoo ရွေးနည်း

Pets လေးတွေမှာလည်း လူတွေလို မတူညီတဲ့ Skin Types လေးတွေရှိနေပါတယ်။

 

Pets လေးတွေမှာ အရေပြား အဆီထွက်နှုန်းနဲ့ အစိုဓာတ်ပေါ်မူတည်ပြီး အဓိက Skin Types (၄) မျိုး ခွဲခြားထားပါတယ်။ 

​

1. Normal Skin

လက္ခဏာအားဖြင့် အဆီပြန်ခြင်း၊ ခြောက်သွေ့ခြင်းနဲ့ နီရဲယားယံခြင်း မရှိဘဲ ကျန်းမာကောင်းမွန်တဲ့ အရေပြားဖြစ်ပါတယ်။

အမွှေးအမျှင်တွေ ပြောင်လက်စိုပြည်နေပြီး သဘာဝအတိုင်း လှ​​​နေတတ်ပါတယ်။

အရေပြားအတွက် အထူးဂရုစိုက်ပေးစရာမလိုဘဲ ပုံမှန် သဘာဝ Pet Shampoo အပျော့စားနဲ့ တစ်လ (၂) ကြိမ်ခန့် ရေချိုးပေးရုံနဲ့ လုံလောက်ပါတယ်။

​

2. Sensitive / Allergy-Prone Skin

လက္ခဏာအားဖြင့် ဓာတုပစ္စည်း၊ ပတ်ဝန်းကျင်နဲ့  ရာသီဥတုကြောင့် အရေပြား နီရဲလာတတ်ခြင်း၊ အဖုအပိမ့်ထခြင်းနဲ့ ရေချိုးပြီးနောက် ကုတ်ဖဲ့ခြင်းတွေ ဖြစ်လွယ်တတ်ပါတယ်။

မကြာခဏ ကုတ်ဖဲ့တတ်တာကြောင့် အမွှေးကျွတ်ခြင်း၊ အရေပြားပါးလာခြင်းတွေ ဖြစ်တတ်ပါတယ်။

အထူးဂရုစိုက်မှုအနေနဲ့ Sulfate-Free၊ Tear-Free၊ Vegan နဲ့ Hypoallergenic ဖြစ်တဲ့ Ultra-Gentle Shampoo မျိုးကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

​

3. Dry Skin

လက္ခဏာအားဖြင့် အရေပြားအစိုဓာတ် နည်းပါးတာကြောင့် ဗောက်ဖတ်တွေထခြင်း၊ အသားပတ်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး မကြာခဏ ယားယံခြင်းတွေ ကြုံတွေ့ရတတ်ပါတယ်။

အမွှေးအမျှင်တွေ ကြမ်းတမ်းပြီး တောက်ပမှု မရှိဘဲ ပျက်စီးလွယ်တတ်ပါတယ်။

အထူးဂရုစိုက်မှုအနေနဲ့ အုန်းဆီ၊ ထောပတ်သီးဆီမှရရှိတဲ့ သို့မဟုတ် Xylitylglucoside လိုမျိုး အစိုဓာတ်ကို ကြာရှည်ထိန်းပေးနိုင်တဲ့ Moisture-Lock Shampoo တွေကို သုံးပေးသင့်ပါတယ်။

​

4. Oily / Seborrheic Skin

လက္ခဏာအားဖြင့် အရေပြားကနေ အဆီ ပိုလျှံစွာ ထွက်တတ်တာကြောင့် အနံ့ဆိုး မြန်မြန်ထွက်ခြင်း၊ မှိုနဲ့ ဗက်တီးရီးယားတွေ ပိုမို ပေါက်ဖွားလွယ်ခြင်းတွေ ဖြစ်တတ်ပါတယ်။

အမွှေးတွေ ကပ်စေးစေးဖြစ်နေပြီး အဆီပြင်တွေ ဖြစ်နေတတ်ပါတယ်။

အထူးဂရုစိုက်မှုအနေနဲ့ Microbiota Balance ကို ထိန်းပေးပြီး အနံ့ဆိုးနဲ့ အဆီပိုတွေကို ညင်သာစွာ သန့်စင်ပေးနိုင်တဲ့ Anti-Odor / Clarifying Shampoo တွေ လိုအပ်ပါတယ်။

Pets လေးတွေရဲ့ အရေပြားအမျိုးအစားက အစားအသောက်၊ အသက်အရွယ်နဲ့ ရာသီဥတုပေါ် မူတည်ပြီး အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။

 

ဒီလို Skin Type ကနေကွဲထွက်ပြီး အထူးဂရုစိုက်မှုနဲ့ကုသမှုတွေလိုအပ်တဲ့ Skin Condition တွေကိုလည်း သိထားသင့်ပါတယ်

 

Medicated Shampoo လိုအပ်တဲ့ Skin Conditions များ

 

- အရေပြားနီမြန်းရောင်ရမ်းခြင်း

- မှိုပိုး (Fungal infection)

- ဘက်တီးရီးယားပိုးဝင်ခြင်း

- မွှား၊ လှေးကြောင့်ဖြစ်တဲ့အရေပြားပြဿနာ

- ယားယံတာ မသက်သာဘဲ ဆက်တိုက်ကုတ်နေခြင်း

 

စတဲ့လက္ခဏာတွေရှိနေလျှင် သာမန် Shampoo ထက် Medicated Shampoo ကို တိဆရာဝန်ရဲ့ အကြံပြုချက်နဲ့ အသုံးပြုသင့်ပါတယ်။

 

နောက်ထပ်အရေးကြီးတဲ့ Skin Condition တစ်ခုကတော့ Allergic ဖြစ်တက်တဲ့ Skin ပဲဖြစ်ပါတယ်

​

Allergic skin ဆိုတာက Skin Type မဟုတ်ဘဲ Allergy ကြောင့် ဖြစ်လာတဲ့ အရေပြားအခြေအနေ (skin condition) ပါ။

​

Pet လေးတွေမှာ allergy ဖြစ်ရတဲ့အကြောင်းရင်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။

​

သန်း၊မွှားကိုက်တာ (Tick&Flea Allergy Dermatitis)

​

အစားအစာနဲ့ ဓာတ်မတည့်တာ (Food allergy)

​

ပတ်ဝန်းကျင် (Environmental allergy )စတဲ့အကြောင်းရာတွေကြောင့် Allergic ဖြစ်တက်ပါတယ်

​

Allergic skin ရဲ့ လက္ခဏာတွေကတော့

​

🔸 မကြာခဏ ကုတ်နေခြင်း

🔸 ခြေဖဝါးကို အမြဲလျက်နေခြင်း

🔸 နားရွက်ကို မကြာခဏ ကုတ်ပြီး နားရောင်ရမ်းခြင်း

🔸 အရေပြားနီရဲခြင်း

🔸 အဖုလေးတွေ ထွက်လာခြင်း

🔸 အမွေးကျွတ်လာခြင်း

🔸 ပြင်းထန်လာရင် အနာဖြစ်ခြင်း၊ ဘက်တီးရီးယား သို့မဟုတ် မှိုပိုး ထပ်ဝင်လာခြင်း

 

Allergic skin ဖြစ်နေတဲ့ pet တွေအတွက် နူးညံ့တဲ့ shampoo က အရေပြားကို သက်သာစေနိုင်ပေမယ့် allergy ဖြစ်ရတဲ့ အကြောင်းရင်းကို မကုသနိုင်ပါဘူး။

 

ဒါဆိုရင် Skin Type နဲ့ Skin Conditions တွေကိုသိသွားလောက်ပြီဆိုတော့ နောက်ထပ်အကြောင်းရာတွေကို ကိုယ့်ရဲ့Pets လေးတွေရဲ့အရေပြားကျန်းမာရေးအတွက်လေ့လာကြည့်ကြရအောင်

Abstract Wavy Design
bottom of page