born in myanmar
loved by pets
Puppy Care Guide
Puppy လေးကို ဘယ်အချိန်ကစပြီး ရေချိုးပေးလို့ရလဲ?
Puppy လေးတွေကို ရေချိုးပေးတော့မယ်ဆိုရင် “အသက်ဘယ်လောက်ရှိပြီလဲ?”
“ကာကွယ်ဆေးတွေထိ ုးပြီးပြီလား?” ဆိုတာတွေကို အရင်စဉ်းစားပေးဖို့လိုပါတယ်။
ပုံမှန်အားဖြင့် ၈ ပတ် (၂ လ) ဝန်းကျင်ရောက်ပြီး ကျန်းမာနေတဲ့ Puppy လေးတွေကိုရေချိုးပေးနိုင်ပါတယ်။
ကာကွယ်ဆေးကတော့ puppy တွေအတွက် အရေးကြီးတာမို့ Vaccination Schedule ကိုလည်း မပျက်မကွက် လိုက်နာပေးဖို့ လိုအပ်ပါတယ်။
ကာကွယ်ဆေးတွေ အပြည့်မပြီးသေးတဲ့ Puppy လေးတွေဆိုရင် အပြင်မှာ ရေချိုးပေးတာ၊ အခြား Adult Dog တွေနဲ့ ထိတွေ့နိုင်တဲ့ Grooming Area တွေကို သွားတာမျိုးကို ရှောင်ပြီး အိမ်မှာပဲ သန့်ရှင်းပေးတာ ပိုသင့်တော်ပါတယ်။
နောက်ပြီး ပထမဆုံးရေချိုးတဲ့အချိန်မှာ ရေကြောက်မသွားစေရန်အတွက်လဲအထူးဂရုစိုက်ပြင်ဆင်ထားသင့်ပါတယ်
Puppy လေးရဲ့ ပထမဆုံးရေချိုးချိန်ကို Towel ရေနွေးနွေးလေး Puppy အတွက် သင့်တော်တဲ့ Mild Shampoo Brush တွေကိုအဆင်သင့်ပြင်ဆင်ထားပေးခြင်းကအကောင်းဆုံးဖြစ်ပြီး ရေကိ ု တစ်ခါတည်းလောင်းချတာမျိုးမလုပ်ဘဲ ဖြည်းဖြည်းချင်းစပြီး ချိုးပေးပါ။ Shampoo ကိုလည်း Puppy လေးရဲ့ Skin & Coat အတွက် သင့်တော်တဲ့ Gentle Shampoo ကို အသုံးပြုပေးပါ။ မျက်လုံး၊ နားနဲ့ နှာခေါင်းထဲ ရေ/ Shampoo မဝင်အောင်လည်း ဂရုစိုက်ပေးပါ။
ရေချိုးပြီးရင် အရေးကြီးဆုံးက…
ခြောက်သွေ့အောင်ပြုလုပ်ပေးခြင်းဖြစ်တာကြောင့် Towel နဲ့ ညှင်သာစွာသုတ်ပေးပြီး အမွှေးမျှင်တွေထဲမှာ စိုစွတ်မှုမကျန်အောင် သေချာဂရုစိုက်ပေးရပါမယ်။
ရေချိုးပြီးနောက် treat လေးပေးတာ၊ ချော့ပေးတာလေးတွေလုပ်ပေးခြင်းက “Bath time ဆိုတာ ကြောက်စရာမဟုတ်ဘူး”ဆိုတဲ့ Positive Experience လေး ဖြစ်အောင် ကူညီပေးမှာဖြစ်ပါတယ်။
Puppy Bath မှာ ရှောင်သင့်တာတွေကတော့ အရမ်းငယ်သေးတဲ့ puppy ကို မလိုအပ်ဘဲ Full Bath လုပ်ခြင်း အေးတဲ့ရာသီဥတုမှာ ရေချိုးပေးခြင်း ရေချိုးပေးပြီး အမွေးစိုစိုနဲ့ ထားခြင်း Vaccination မပြည့်သေ းခင် Public Grooming/Bathing Area တွေကို ခေါ်သွားခြင်း Puppy လေးကြောက်နေတဲ့အချိန်မှာ အတင်းအကျပ် ရေချိုးပေးခြင်း Puppy လေးရဲ့ First Bath မှာ သန့်ရှင်းသွားဖို့ထက် “နောက်တစ်ခါ ရေချိုးတဲ့အခါ မကြောက်တော့အောင်” အတွေ့အကြုံကောင်းတစ်ခု ဖြစ်သွားဖို့က ပိုအရေးကြီးပါတယ်။
Gentle bath today, happy bath time tomorrow.
