top of page

New 25 Shampoo: Ingredients Explained

NEW 25 Pet Shampoo မှာပါဝင်တဲ့ Ingredients တွေက Pets လေးတွေရဲ့ အရေပြားနဲ့အမွှေးမျှင်အတွက် ကို ဘယ်လိုအကျိုးသက်ရောက်စေလဲ ?

 

New25 Shampoo ဟာ Pets လေးတွေရဲ့ အရေပြားနဲ့ အမွှေးအမျှင်များကို ဘေးကင်းနူးညံ့စွာ သန့်စင်ပေးပြီး အစိုဓာတ် ထိန်းသိမ်းပေးနိုင်မည့်

 

Aqua (ရေသန့်)

ပါဝင်ပစ္စည်း‌တွေကို အချိုးအစား ညီညာစွာ ပျော်ဝင်စေပြီး အပြည့်အဝ သန့်စင်ပေးနိုင်တဲ့ Pure Purified Water ဖြစ်ပါတယ်။

 

Cocamidopropyl Betaine & Capryl Glucoside

Sulphate မပါဝင်ဘဲ  သဘာဝအုန်းဆီမှရရှိတဲ့ သဘာဝသန့်စင်ပစ္စည်းများဖြစ်တာကြောင့် မျက်စိမစပ်စေဘဲ (Tear-Free) ဖြစ်တဲ့အပြင် အရေပြားကို ထိခိုက်ယားယံခြင်းမရှိဘဲ အညစ်အကြေးနဲ့ အနံ့ဆိုးတွေကို နူးညံ့စွာသန့်စင်ပေးနိုင်ပါတယ်။

 

Methylpropanediol & Propylene Glycol:

အရေပြားရဲ့ Moisture စိမ့်ဝင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး ရေဓာတ်ကို ထိန်းသိမ်းပေးနိုင်တာကြောင့် ရေချိုးပြီးနောက်ပိုင်း အရေပြားခြောက်သွေ့ ယားယံခြင်းကနေ ကာကွယ်ပေးပါတယ်။

 

Xylitylglucoside

သဘာဝသကြားဓာတ်ကို အခြေခံထားတဲ့ အစိုဓာတ်ထိန်းပစ္စည်းဖြစ်တာကြောင့် ရေချိုးပြီးနောက်ပိုင်းမှာလဲ ရေဓာတ်ကို ကြာရှည်စွာ ထိန်းပေးထားနိုင်ပါတယ်။

 

Polyquaternium-7

Conditioner သီးသန့်သုံးစရာမလိုဘဲ အမွှေးအမျှင်‌ တွေကို နူးညံ့ပျော့ပျောင်းစေပြီး အမွှေးထုံး၊ အမွှေးရှုပ်ခြင်းကို လျှော့ချပေးလို့ ဖြီးရလွယ်ကူစေပါတယ်။

 

Alkyl Acrylate Crosspolymer

Shampoo ရဲ့ Texture ကိုနူးညံ့စေပြီး အပျစ်အကျဲကို မျှတစေတာကြောင့် အသုံးပြုရ လွယ်ကူစေပါတယ်။

 

Ethylhexylglycerin

အရေပြား အစိုဓာတ်ကို ထိန်းပေးရုံမကဘဲ အနံ့ဆိုးဖြစ်စေတဲ့ ဗက်တီးရီးယားတွေကို တားဆီးပေးပြီး မွှေးပျံ့လတ်ဆက်တဲ့ရနံ့ကို ကြာရှည်ခံစေပါတယ်။

 

Disodium EDTA

ရေထဲမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေကို မျှတစေပြီး Shampoo ရဲ့ အာနိသင်ကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။

 

Fragrance

ရေချိုးပြီးနောက် သင်းပျံ့လန်းဆန်းတဲ့အနံ့ကို ကြာရှည် ထိန်းပေးနိုင်တဲ့ အရည်အသွေးမြင့် Ingredients တွေနဲ့ပေါင်းစပ်ထားပါတယ်။

 

ကလေးတွေရဲ့အရေပြားကိုထိခိုက်စေတဲ့ ပြင်းထန်တဲ့ Sulfate နဲ့ ဓာတုပစ္စည်းတွေကို ရှောင်ရှားထားပြီး Mild & Gentle Formula ဖြင့် ထုတ်လုပ်ထားတာကြောင့် အရေပြားယားယံလွယ်ခြင်း၊ ခြောက်သွေ့ခြင်းနဲ့ အရေပြား ပြဿနာရှိတဲ့ ကလေးတွေအတွက်သင့်တော်တဲ့ Shampoo ဖြစ်ပါတယ်။

 

ကလေးတွေကို ရေစချိုးပေးတော့မယ်ဆိုရင် ရေနွေးနဲ့ ချိုးပေးရမလား၊ ရေအေးနဲ့ ချိုးပေးရမလား? အမွှေးအမျှင်တွေ မထုံးအောင် ရေချိုးရင်း ဘယ်လိုဖြီးပေးရမလဲ? "Bathing Tips" မှာ ဆက်ဆက်လေ့လာနိုင်ပါတယ်။

Abstract Wavy Design
bottom of page