top of page

Bathing Tips

Pets လေးတွေကို စနစ်တကျဘယ်လိုရေချိုးပေးရမလဲ?

Petsလေးတွေကို ရေချိုးပေးတာဟာ သန့်ရှင်းရေးအတွက်တင် မဟုတ်ဘဲ အရေပြားနဲ့ အမွှေးအမျှင် ကျန်းမာရေးအတွက်ပါ အလွန်အရေးကြီးပါတယ်။

 

ဒါကြောင့်ရေမချိုးမီ ကြိုတင်ပြင်ဆင်ရမဲ့အချက်လေးတွေကိုမျှဝေပေးလိုက်ပါတယ်

 

၁။အမွှေးအမျှင်​တွေကို သေချာဖြီးပေးခြင်း

 

ရေမချိုးခင် အမွှေးတွေကို သေချာဖြီးပေးတာက အမွှေးထုံးတွေကို ရှင်းလင်းသွားတာကြောင့် ရေစိုတဲ့အခါမှာ ရှုပ်ထွေးတာ၊ငြိတာတွေကိုလျော့ချပြီး သက်တောင့်သက်သာရှိစေပါတယ်။ အ​မွှေးဖြီးပေးချိန်မှာ တစ်နေ့တာကျွတ်လေ့ရှိတဲ့ အမွှေးမျှင်တွေပါသွားတာကြောင့် မြှောင်လေးတွေမှာဖြစ်တတ်တဲ့ Hairball ဖြစ်ခြင်းကိုပါလျော့ချပေးနိုင်ပါတယ်။

 

၂။နား နှင့် မျက်နှာကို ကာကွယ်ပါ

 

နားထဲ ရေဝင်ပါက နားပိုးဝင်လွယ်တာကြောင့် ရေလောင်းတဲ့အခါ လည်ပင်းအောက်ပိုင်းမှ စတင်လောင်းပါ။ မျက်နှာကို တိုက်ရိုက်ရေမလောင်းဘဲ ရေစို အဝတ်နှင့်သာ ခပ်ဖွဖွ သုတ်ပေးပါ။

 

၃။ဆပ်ပြာပြောင်အောင် ဆေးကြောပါ

 

Shampoo တွေမပြောင်ဘဲ ကျန်ခဲ့ပါက အရေပြားယားယံခြင်း ဖြစ်စေနိုင်တာကြောင့် ဆပ်ပြာပြောင်အောင် သေချာစွာဆေးကြောပေးဖို့လိုအပ်ပါတယ်။

 

၄။အမွှေးမျှင်များအားသေချာစွာ အခြောက်ခံပါ

 

တာဝါနဲ့ သုတ်ပေးပြီးနောက် Hair Dryer အပူချိန်အနိမ့်ဆုံး သို့မဟုတ် လေအေး (Cool Blast) ဖြင့် ​ခြောက်အောင်ပြုလုပ်ပေးပါ။ အမွှေးအောက်ခြေမှာအစိုဓာတ်ကျန်ခဲ့ပါက အရေပြားမှိုစွဲခြင်း ဖြစ်စေနိုင်တာကြောင့်သတိထားသင့်ပါတယ်

 

၅။ ဆုပေးတဲ့အနေနဲ့ Snackလေးပေးတာမျိုးပြုလုပ်ပေးပါ

 

ရေချိုးပြီးချိန်မှာ မုန့်ကျွေးခြင်း၊ ချီးမွမ်းပေးခြင်းတွေ ပြုလုပ်ပေးတာက ရေချိုးခြင်းကို ပျော်စရာ အတွေ့အကြုံတစ်ခုအဖြစ် မှတ်ယူသွားနိုင်တာကြောင့် ဆုချတာမျိုးလုပ်ပေးသင့်ပါတယ်။

 

၆။Pet Shampoo ကိုသာ ရွေးချယ်ပါ

 

လူသုံး ခေါင်းလျှော်ရည်တွေက တိလေးတွေရဲ့အရေပြား pH Level နဲ့ မကိုက်ညီဘဲ အရေပြား ခြောက်သွေ့ယားယံစေနိုင်တာကြောင့် Pets အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ Pet Shampoo များကိုသာအသုံးပြုသင့်ပါတယ်။

 

ဒါကတော့ ပုံမှန် ရေချိုးပေးတဲ့အခါ သတိထားရမယ့် အချက်လေးတွေဖြစ်ပါတယ်။ မိုးရာသီမှာ ရေမချိုးပေးမီနဲ့ ချိုးပြီးချိန်မှာ သတိထားရမယ့် Care Tips လေးတွေကို ဆက်လတ်လေ့လာပါ။

Abstract Wavy Design
bottom of page