top of page

Rainy Season Pet Care

မိုးရာသီမှာ Pets လေးတွေကို ရေချိုးပေးမယ်ဆိုရင်…

 

မိုးရာသီမှာ ရာသီဥတုစိုစွတ်တာ၊ အပြင်ထွက်တဲ့အခါ ရွှံ့နဲ့အညစ်အကြေးတွေ ပိုကပ်လာတာကြောင့် Pets လေးတွေရဲ့ Skin & Coat Care ကို ပိုဂရုစိုက်ဖို့လိုပါတယ်။

 

ဒါကြောင့်ရေချိုးပေးတဲ့အခါ ဒီအချက်တွေကိုသတိထားသင့်ပါတယ်

 

① ရေချိုးဖို့ သင့်တော်တဲ့အချိန်ရွေးပါ  

မိုးရွာနေချိန်၊ အရမ်းအေးတဲ့အချိန်တွေကို ရှောင်ပြီး နွေးထွေးတဲ့အချိန်မှာ ရေချိုးပေးပါ။

 

② ရေအပူချိန်ကို ဂရုစိုက်ပါ  

အရမ်းပူတာ၊ အရမ်းအေးတာမျိုးမဟုတ်ဘဲ Pets လေးတွေအတွက် သက်တောင့်သက်သာဖြစ်စေမယ့် ရေနွေးနွေးလေးကိုသာ အသုံးပြုပါ။

 

③ Pets အတွက် သင့်တော်တဲ့ Shampoo ကိုရွေးပါ 

လူသုံး shampoo တွေအစား Pets လေးတွေရဲ့ Skin & Coat အတွက် ဖော်စပ်ထားတဲ့ Mild & Gentle Shampoo ကို ရွေးချယ်ပေးပါ။

 

④ Shampoo ကို ပြောင်စင်အောင်ဆေးကြောပါ

Shampoo အကြွင်းအကျန်တွေ အရေပြားပေါ်မှာ ကျန်မနေအောင် ရေသန့်နဲ့ သေချာစွာ ပြန်ဆေးချပေးပါ။

 

⑤ ရေချိုးပြီးရင် “ခြောက်သွေ့အောင်” လုပ် ဖို့ကအရေးကြီးဆုံးပါ

Towel နဲ့ ရေကိုအရင်သုတ်ပေးပြီး အမွှေးတွေထဲမှာ စိုစွတ်မှုမကျန်အောင် Dryer နဲ့သေချာစွာခြောက်သွေ့ပေးပါ။ အထူးသဖြင့် အမွေးထူတဲ့ Pets လေးတွေမှာ ပိုဂရုစိုက်ပေးဖို့လိုပါတယ်။

 

ရှောင်သင့်တဲ့အချက်များ

 

မိုးရွာနေတုန်း ရေချိုးပေးခြင်း 

အရမ်းပူ/အရမ်းအေးတဲ့ရေ အသုံးပြုခြင်း 

လူသုံး Shampoo အသုံးပြုခြင်း 

Shampoo ပြောင်စင်အောင်မဆေးကြောခြင်း

ရေချိုးပြီး အမွှေးစိုစိုနဲ့ ထားခြင်း

 

Rainy Season မှာ ရေချိုးပေးတာက “သန့်ရှင်းပေးဖို့” တစ်ခုတည်းမဖြစ်သင့်ဘူး။ 

 

သန့်ရှင်းပြီးတဲ့နောက် Skin & Coat လေးတွေကို Comfortable ဖြစ်နေဖို့ပါ အထူးဂရုစိုက်ပေးသင့်ပါတယ်။

Abstract Wavy Design
bottom of page